ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ပေါင် ဇွန် ၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ် မိုးရာသီသစ်ပင်စိုက်ပျိုရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သဲဖြူကုန်းကျေးရွာအုပ်စု၊ သဲဖြူကုန်းကျေးရွာ ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ သဲဖြူကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်ဇော်နှင့် ကျေးရွာသူ၊ ‌ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးက မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဥ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ရွာသူ၊ ရွာသားများက သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား‌ပေးခဲ့သည်။ ထို့‌နောက် မိုးရာသီသစ်ပင်စိုက်ပျိုရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)