ရပ်စောက်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်)တွင် ကျောင်းကောင်စီ ကတိသစ္စာခံယူခြင်း အခမ်းအနားကျင်းပ

ရပ်စောက် ဇူလိုင် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ရပ်စောက်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်ကကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများမှ ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆိုပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်သီတာက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းကောင်စီအမှုဆောင်အဖွဲ့ အမည်စာရင်းကို ကြေညာကာ ကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် တစ်ကျောင်းလုံးက ကတိသစ္စာခံယူခဲ့ကြသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးက ကျောင်းကောင်စီအဖွဲ့များအား တာဝန်အထိမ်းအမှတ် အလံများပေးအပ်ပြီး နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)