သတင်းများ

တောင်တွင်းကြီးမြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ
Apr 24,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူများ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အောင်လံမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Apr 24,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် ပြသ
Apr 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကျောင်းသားလူငယ်များနှင့် ပြည်သူများ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းအရာများကို ပိုမိုသိရှိနိုင်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် (၉) နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြသခဲ့သည်။
သရက်မြို့၌ ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်
Apr 24,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ငလျင်ဘေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သော ဖူးစားပြောင်း ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး
Apr 24,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သော ဖူးစားပြောင်း စိုက်ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့၌ အခြေခံပညာ ဆရာ၊ ဆရာမများအား ကာယသင်တန်း ဖွင့်လှစ်ပေး      
Apr 24,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပညာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် အခြေခံပညာဆရာ၊ ဆရာမများ မွမ်းမံသင်တန်းဖြစ်သည့် ကာယသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့နယ်၌ GW – 11 နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Apr 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၄ - ၂၀၂၅ ခုနှစ် GW – 11 နွေစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ပြင်ရွာကျေးရွာအုပ်စု တောင်သူဦးသောင်းကြည်၏ လယ်မြေကွင်းအမှတ် ၁၆၅၅ ဦးပိုင်အမှတ် ၄ / ၄ တွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်ကြီးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး RC(၃)ထပ် အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ
Apr 24,2025
ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ကျေးလက်၊ မြို့ပြ၊ နယ်စပ်မကျန်အောင် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး RC(၃)ထပ်အဆောက်အဦသစ်ဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပသည်။