အိမ်မဲ ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၆)ဦးတွေ့ရှိရသောကြောင့် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြိုတင်ကာကွယ်ရေးအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသော နေအိမ်နှင့် အနီးပတ်ဝန်းကျင် နေအိမ်များ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ဖုံး၊သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ(၆)ဦးမှာ ဇန်နဝါရီလတွင် (၁)ဦး၊ ဧပြီလတွင် (၁)ဦး၊ မေလတွင် (၄)ဦးတို့ဖြစ်ကြပြီး ၎င်းတို့မှာ အိမ်မဲမြို့နယ်ပြည်သူဆေးရုံတွင် တက်ရောက်ကုသပြီး ရောဂါလက္ခဏာများ သက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရသည်။
အိမ်မဲမြို့နယ် မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု(၉၇)အုပ်စုတို့တွင်လည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)