ညောင်တုန်းမြို့နယ်တွင် အခွန်ဆိုင်ရာ ရှင်းလင်းပွဲကျင်းပ

ညောင်တုန်း ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အခွန်ဆိုင်ရာရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုး‌ကျော်က အဖွင့်အမှာစကားပြောကြား၍ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦး‌စောနိုင်ဝင်းက အခွန်ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားရာတွင် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စားသောက်ဆိုင်လုပ်ငန်းများ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းများ၊ ရွှေနှင့်လက်ဝတ်ရတနာများ ရောင်းချခြင်းလုပ်ငန်းများ၊ လက်ကိုင်ဖုန်း (Handset) များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ/ဝန်ဆောင်မှုဆောင်ရွက်ခြင်းအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)