နတ်မောက်မြို့နယ် မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

နတ်မောက် ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ရုံးဝန်ထမ်းများက မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ရေစုကန်များအတွင်း ရေအပြည့်ဖြည့်တင်းထားရှိမှု ရှိ/မရှိ၊ မီးချိတ်၊ မီးကပ်များ ကောင်းမွန်မှုရှိ/မရှိ၊ မီးသတ်ရေငုတ်များကောင်းမွန် မှုရှိ/မရှိ၊ ဈေးဆိုင်ခန်းများတွင် ခြင်ဆေးခွေများမီးထွန်းညှိခြင်း ရှိ/မရှိနှင့် ဘုရားမီးပူဇော်ရာတွင် ဖယောင်းတိုင်မီး၊ အမွှေးတိုင်မီးများ ထွန်းညှိထားခြင်း ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း