မောက်မယ်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်/မှတ် စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 02,2025
ကျောင်းသားကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ မှတ်သားလေ့လာမှုများ အားကောင်းလာစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်နှင့် အများနှင့်ဝိုင်းဖွဲ့ဆွေးနွေး ပြောဆိုတတ်စေရန် ရည်ရွယ်၍ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၏ ပံ့ပိုးမှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။