သတင်းများ

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဥတ္တရသီရိမြို့နယ်အတွင်း ငလျင်ဘေးသင့် ပြည်သူများ အတွက် ထောက်ပံ့ငွေများပေးအပ်ပွဲ တက်ရောက်
Apr 26,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဥတ္တရသီရိရပ်ကွက်၊ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပသည်။
ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့ အင်းလေးဒေသအတွင်း ငလျင်‌ဘေးဒဏ်သင့် ပြည်သူများသို့ အလှူငွေနှင့် ပစ္စည်းများ ပေးအပ်
Apr 26,2025
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အင်းလေးဒေသ မင်းချောင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများသို့ အလှူငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ ကြေးစားကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် မီးဘေးလုံခြုံရေးလိုက်လံစစ်ဆေးခြင်းများနှင့် မီးသတိမူရေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများဆောင်ရွက်
Apr 26,2025
မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောင်ဥက္ကလာပမြို့နယ် အမှတ်(၄)ရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်းမီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတိမူရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီအချိန်မှစ၍ လိုက်လံစစ်ဆေးဆောက်ရွက်ခဲ့ကြသည်။
မြင်းခြံမြို့၌ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Apr 26,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် ရေကျော်စျေး၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မီးဘေးလုံခြုံရေးအသိပညာပေးဆောင်ရွက်
Apr 26,2025
၂၀၂၅ ခုနှစ် မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ခရိုင်မီးသတ်ဦးစီးမှူးကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က ရေကျော်ဈေးအတွင်း၌ မီးဘေးအသိပညာပေးခြင်းနှင့်မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ပြင်ဦးလွင်မြို့တွင်  ပြည်သူ့သက်သာဈေးရောင်းချခြင်း ဆောင်ရွက်
Apr 26,2025
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ  ပြင်ဦးလွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြင်ဦးလွင်မြို့နေ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ အမဲ၊ ဝက်၊ ဆိတ် အသားများ၊ ဆန်၊ စားအုန်းဆီ၊ ကြက်ဥများအား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)၊ ကျောက်တိုင်ကွင်းအတွင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်သူ့သက်သာဈေးရောင်းချခြင်းအား ဆောင်ရွက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက်
Apr 26,2025
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြကြောင်း သိရသည်။
အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Apr 26,2025
အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက ​စောရန်ပိုင်အနောက်ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။