သတင်းများ

ရွှေတောင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးရာသီတွင် မိုးစပါးဧက (၅၈၁၆၃) စိုက်ပျိုးရန်လျာထားစိုက်ပျိုးမည်
Jul 02,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိကဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ ယခုနှစ်တွင် မိုးစပါး (၅၈၁၆၃) ဧက စိုက်ပျိုးသွားရန်လျာထားကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆွေးနွေးပွဲနှင့် စာအုပ်ပြပွဲ ဆောင်ရွက်
Jul 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းကာ ယနေ့နံနက် ၁၀ နာရီအချိန်က ဇွန်လိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမနေရာ၌ ဆွေးနွေးပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် တစ်နှစ်တာဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် အမျိုးသားစာပေတစ်သက်တာဆုရှင် ဦးအောင်သင်း၏ စာပေအဆိုအမိန့်များအား နံရံကပ်စာစောင်ပြသ
Jul 02,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တစ်နှစ်တာ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် အမျိုးသားစာပေတစ်သတ်တာဆုရှင် ဦးအောင်သင်း၏ စာပေအဆိုအမိန့်များအား နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်‌ဆေး ကုသပေးခြင်း ဆောင်ရွက်
Jul 02,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက်(၉)နာရီခွဲက စေတုတ္တရာမြို့နယ် မိခင်နှင့်က‌လေးစောင့်ရှောက်ရေးဌာန၌ ဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jul 02,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က  စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ ကျင်းပ
Jul 02,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းကောင်စီကတိသစ္စာခံယူပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျောင်းအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Jul 02,2025
ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)မှ ဆရာမများနှင့် ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် မွေးစမှ အသက်(၁)နှစ်ခွဲကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး
Jul 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ မွေးစမှ အသက်(၁)နှစ်ခွဲထိ ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းတွင် ထိုးနှံပေးလျက်ရှိသည်။