Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်နှင့် စားသုံးဆီများ ထောက်ပံ့ပေး
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းကြီးကျောင်းများနှင့် ဓမ္မာရုံများတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်အိမ်ထောင်စုများ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ အဆိုပါ အိမ်ထောင်စုဝင်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်နှင့် စားသုံးဆီများ ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီ က ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ် ဆင်မကျွန်းကျေးရွာအုပ်စုနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေဝင်ရောက်သည့်ကျေးရွာများမှ နွားတိရစ္ဆာန်ကောင်ရေ(၂၀၁၇)ကျော်အား ဘေးလွတ်ရာသို့ ဇက်သင်္ဘောဖြင့် ပြောင်းရွှေ့
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆင်မကျွန်းကျေးရွာအုပ်စုနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နေထိုင်ကြသည့် ကျေးလက်နေပြည်သူများ၏ နွားတိရစ္ဆာန်များကို ချောက်မြို့နယ်မှဇက်သင်္ဘောများဖြင့် ဘေးလွတ်ရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်သယ်ယူပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက် ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဖွင့်လှစ်သင်ကြားနေသော ကိုယ်လုံပညာနှင့် ဓားသိုင်းသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး
Jul 15,2024
ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်စိုးစိုးသက်သည် ယမန်နေ့ ညနေပိုင်းအချိန်ကဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အားကစားခန်းမ၌ ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသော ကိုယ်လုံပညာနှင့် ဓားသိုင်းပညာသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်
Jul 15,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ထားရသည့် တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံပေး
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ထားရသည့် တိရစ္ဆာန်များအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီး
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဒေသခံပြည်သူများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေး
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျွန်းကျေးရွာအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဒေသခံပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ ဘေးအန္တရာယ်မကျရောက်စေရန် ယမန်နေ့ နံနက်ပိုင်း အချိန်ကစတင်၍ ရေဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 15,2024
တံတားဦးခရိုင်/မြို့နယ်၏ ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇) နာရီက တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာအုပ်စု သူငယ်တော်တောရ ဘုန်းတော်ကြီးကျောင်းဝန်းတွင်း၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
8006
Page
8007
Page
8008
Page
8009
Current page
8010
Page
8011
Page
8012
Page
8013
Page
8014
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department