သတင်းများ

ငပုတောမြို့နယ် သက္ကာယ်ချောင်းကျေးရွာတွင် Drum Seeder မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးနေမှုအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှကြည့်ရှုအားပေး
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းမျိုးသန့်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးကျော်ကျော်ဝင်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ငပုတောမြို့နယ် သက္ကယ်ချောင်း ကျေးရွာ တောင်သူ ဒေါ်မြင့်စန်း ကွင်းအမှတ် ၁၃၆၆ဘီ ဦးပိုင် ၇/၄ တွင် မိုးစပါးကြဲခင်းစနစ်လျော့နည်းပပျောက်ရေးအတွက် Drum Seeder မျိုးစေ့ချကိရိယာဖြင့်( ၃ )ဧက စိုက်ပျိုးမှုအခမ်းအနားအား ကြည့်ရှုအားပေးသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်အတွင်း ရေဝင်ဧရိယာများရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ယမန်နေ့ညနေပိုင်းက ရောက်ရှိလာခဲ့ပြီး ဧရာဝတီမြစ်ရေတိုးလာမှုနှင့် တာခိုင်ခံ့မှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများမှ ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ကျေးရွာအနီး ဖြတ်တာ(၁-ဂ)နှင့် ဖြတိတာ(၁-င) တာဝိုင်းအတွင်းသို့ ရေသွင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စု၊ မကျည်းတောကျေးရွာရှိ ဓမ္မလင်္ကာရဝါးတောကျောင်းတိုက်သို့ ရောက်ရှိလာခဲ့ပြီး ရေဘေးကြိုတင်ရွှေ့ပြောင်းသည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးမြေပဲ ၃၄၁၆၉ ဧက စိုက်ပျိုးပြီးစီး
Jul 16,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးမြေပဲ ဧက ၅၁၅၈၆ လျာထားပြီး မေလက စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၃၄၁၆၉ ဧကစိုက်ပျိုး ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ကြည့်မြင်တိုင်မြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌  သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့တွင် မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မြစ်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့အားကြည့်ရှုပြီး ယာယီရေဘေးရှောင်စခန်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်က မြန်အောင်တာမိုင် ၅/၅ ၊ မြန်အောင်တာမိုင် ၆/၃ နှင့် မြန်အောင်မြို့လွန်ဆေးမြိုင် ပန်းခြံအနီး မြစ်ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှု၍ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၆) ရပ်ကွက်တို့ရှိ ယာယီရေဘေးရှောင်စခန်းတို့မှ ရေဘေးရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် အ.ထ.က(၃)ကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အ.ထ.က(၃)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ ဒေသအပူချိန်လျှော့ချရေးအတွက်ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ အင်္ဂပူမြို့နယ်တွင် (ပိုက်ဆံ‌လျှော်‌)မြေခံထည့်သွင်း‌ခြင်းနှင့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြစိုက်ပျိုးမှုအား ကြည့်ရှုအားပေး
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက အင်္ဂပူမြို့နယ်၊‌ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာသို့‌ ရောက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဝင်များ၊‌‌ ကျေရွာအုပ်ချုပ်‌ရေးမှူးနှင့်ဒေသခံတောင်သူများက ကြိုဆိုခဲ့သည်။