သတင်းများ

မဟာအောင်မြေမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများ ရေးသွင်း တိုက်ဆိုင် စစ်ဆေး ဆောင်ရွက်
Jul 16,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း နေထိုင်သူများ အတည်ပြုလူဦးရေ စာရင်းမှန်ကန်စေရေး အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများရေးသွင်းခြင်းကို မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၉)စက်မှုလယ်ယာစခန်းမအူပင်မှ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုး‌စေ့ချကိရိယာများဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြ
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၉)စက်မှုလယ်ယာစခန်း မအူပင်မြို့မှ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ များဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇူလိုင် ၁၄ ရက်နေ့ နံနက်(၁၀)နာရီက ညောင်ဝိုင်းကျေးရွာရှိတောင်သူ ဦးအေးမြင့်၏ မိုးစပါးစိုက်ခင်း (၃)ဧကတွင် ကျင်းပသည်။
ပျဉ်းမနားမြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပ
Jul 16,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ ဦးစီးကျင်းပသည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
မအူပင်မြို့နယ်၊ ရေလဲလေးကျေးရွာ၌ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာအုပ်စု၊ ရေလဲကလေးကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မအူပင်ခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာန၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်(၁၀)နာရီက ရေလဲကလေးကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း (A1) ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
ပျော်ဘွယ်မြို့နယ်၌ စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်းကျင်းပ
Jul 16,2024
ပျော်ဘွယ်မြို့နယ်ရုံးတွင် စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လသာမြို့နယ်၌ ​ကျောင်းနှင့်ဝန်းကျင်စိမ်းလန်း​စို​ပြည်​ရေးသစ်ပင်စိုက်ပျိုး
Jul 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများလှူဒါန်း
Jul 16,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်းများက ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုန်းတော်ကြီးကျောင်း၌ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများကို ယမန်နေ့နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ တဖြည်းဖြည်းပြန်လည်ကျဆင်းလာသော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေဆဲဖြစ်
Jul 16,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းတည့် ၁၂ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၂၂၇၀ စင်တီမီတာရှိပြီး ယခင်ရက်များထက် တဖြည်းဖြည်းကျဆင်းလာသော်လည်း ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာအထက် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။