ငပုတော ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းမျိုးသန့်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးကျော်ကျော်ဝင်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ငပုတောမြို့နယ် သက္ကယ်ချောင်း ကျေးရွာ တောင်သူ ဒေါ်မြင့်စန်း ကွင်းအမှတ် ၁၃၆၆ဘီ ဦးပိုင် ၇/၄ တွင် မိုးစပါးကြဲခင်းစနစ်လျော့နည်းပပျောက်ရေးအတွက် Drum Seeder မျိုးစေ့ချကိရိယာဖြင့်( ၃ )ဧက စိုက်ပျိုးမှုအခမ်းအနားအား ကြည့်ရှုအားပေးသည်။
ထို့နောက်မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌက တာဝန်ရှိသူများထံ မိုးစပါးအထွက်နှုန်းကောင်းမွန်စေရေးနှင့် မျိုးကောင်းမျိူးသန့်များကို ရွေးချယ်စိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများထံမှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ(ငပုတော)