သတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့ရှိ ငွေကြွယ် မုန့်မျိုးစုံထုတ်လုပ်သည့် MSME လုပ်ငန်းအားကြည့်ရှုစစ်ဆေး
Jul 16,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့ ဈေးချိုတောင်ရပ်ကွက် ကသဲတန်းလမ်းရှိ ငွေကြွယ်မုန့်မျိုးစုံထုတ်လုပ်သည့် MSME လုပ်ငန်းအား ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ အကျိုးတော်ဆောင် ဂေါပကအဖွဲ့နှင့် အလှူရှင်များ၏ ( ၂၁) ကြိမ်မြောက်စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကျင်းပ
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏အကျိုးတော်ဆောင်ဂေါပကအဖွဲ့နှင့် အလှူရှင်များ၏ (၂၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 16,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဇီးကုန်းမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ
Jul 16,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(မယင်း)ကျောင်း၌ ကျင်းပခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကော်မတီမှ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု သက်သာစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(အခြေခံ) ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကညင်ငူ ကျေးရွာအုပ်စု၊ အုတ်ပုံကျေးရွာ၌ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အမျိုးသမီးများဝင်ငွေတိုး ရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(အခြေခံ) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက်နေ့ နေ့လည်ပိုင်းကအဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ်တွင် ရပ်ကွက်များအလိုက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး‌ ဟောပြောပွဲကျင်းပ
Jul 16,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက  မြရည်နန္ဒာရပ်ကွက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရေဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 16,2024
၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့်အလယ် တန်းအဆင့် ကဗျာရေးပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ပညာ‌ရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က-ရေဖြူကျောင်းခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီမှ ၂ နာရီအချိန်အထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။