ကြည့်မြင်တိုင်မြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကြည့်မြင်တိုင် ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌  သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူရာတွင် မြေပြင်ကွင်းဆင်းကောက်ယူရေးပုံစံအတိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာအားလုံးမှ ပူးပေါင်းဆောင်ရွက်ကြရန်၊ သန်းခေါင်စာရင်းကောက်ယူရေးအတွက် သင်တန်းဖွင်လှစ်ဆောင်ရွက်မည်ဖြစ်ကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးကျော်သူက ဆွေးနွေးရာတွင် စာရင်းစစ်၊ စာရင်းကောက်များအတွက် လူဦးရေပြုစုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ခရိုင်အဆင့်နည်းပြသင်တန်း တက်ရောက်နိုင်ရေးအတွက် သတ်မှတ်ချက်နှင့်ကိုက်ညီသူများအား လူဦးရေစာရင်းပြုစုရမည်ဖြစ်ကြောင်းနှင့် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)