မရမ်းကုန်းမြို့နယ် အ.ထ.က(၃)ကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မရမ်းကုန်း ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အ.ထ.က(၃)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ ဒေသအပူချိန်လျှော့ချရေးအတွက်ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် အလုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်မျိုးသူက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မိုးရာသီကာလသစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာနည်းစနစ်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြသည်။

ယင်းနောက် ကျောင်းဝင်းအတွင်း ကျွန်း၊ ပိတောက်၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊‌ ခရေ၊ ငု၊ ထိုင်ဝမ်ဗန်ဒါ စုစုပေါင်းပျိုးပင်(၁၅၀)ပင်တို့အား ကျောင်းသား၊ ကျောင်းသူများနှင့်တာဝန်ရှိသူများက စုပေါင်းအမှတ်တရ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)