အင်္ဂပူ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာသို့ ရောက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဝင်များ၊ ကျေရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံတောင်သူများက ကြိုဆိုခဲ့သည်။
ထို့နောက်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ ကွင်းအမှတ်(၇၅၉) မဲဇလီတောင်၊ ဦးပိုင်အမှတ် ၁၂၁၊၁၂၂၊၁၂၅၊၁၂၆၊၁၂၇ရှိ တောင်သူ ဦးရာဇာအောင်၏လယ်မြေဧက(၆)ဧကတွင် ပြုလုပ်သည် (ပိုက်ဆံလျှော်)မြေခံထည့်သွင်းခြင်း နှင့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ အစေ့ချစက် (Drum Seeder)ဖြင့် သရုပ်ပြစိုက်ပျိုးမှုအား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးဇော်ဝင်းနိုင်မှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ(ပိုက်ဆံလျှော်) မြေခံထည့်သွင်းခြင်းနှင့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြစိုက်ပျိုးခြင်းကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)