သတင်းများ

ကလေးမြို့ဘိုးဘွားရိပ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ခြင်းများဆောင်ရွက်
Jul 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ဘိုးဘွားရိပ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်များက ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယမန်နေ့က အဆိုပါရိပ်သာ၌ ပြုလုပ် ခဲ့ကြကြောင်းသိရသည်။ ကလေးမြို့ဘိုးဘွားရိပ်သာရှိအဘိုးအဘွားများအား ကျန်းမာရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်များက စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သော ဆေးဝါးများတိုက်ကျွေးရန် လမ်းညွှန်မှုပေးခြင်း၊ ဆေးရုံဆေးခန်းများသို့ လွှဲပြောင်းကုသရန် လိုအပ်သောအဘိုးအဘွားများကို ပို့ဆောင်ကုသနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။
ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ရေဘေးရှောင်စခန်းများသို့ သောက်ရေသန့်နှင့်အသင့်စားခေါက်ဆွဲခြောက်ထုပ်များလှူဒါန်း
Jul 17,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ လာရောက်ခိုလုံနေသည့် ရေဘေး ရှောင်ပြည်သူများအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အရေးပေါ်လိုအပ်နေသော ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရဿည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 17,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နေ့လည် ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းမြို့ အမှတ်(၂၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် (၇၇)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
Jul 17,2024
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်းကာ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်လေးများ ဖြစ်လာစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပ ပြုလုပ်သည်။
ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်ကာကွယ်ရေးဟောပြောပွဲကျင်းပ
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကာကွယ်ရေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ဇူလိုင်လ ၁၅ ရက်နေ့မွန်းလွဲပိုင်းက အ.ထ.က(ခွဲ) ငရုတ်ကောင်းတောင်စာသင်ကျောင်း၌ ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော
Jul 16,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ မှုခင်းကျဆင်းရေးနှင့် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းအမှားများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူခံရမည်ဖြစ်ကြောင်း၊ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သီရိမြိုင်ရပ်ကွက်၊ သရက်ကုန်းရပ်၊ မွန်မင်းလမ်းဟိုတယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
သထုံမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်‌ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းဆောင်ရွက်
Jul 16,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် အပတ်စဉ်‌ ကျန်းမာရေးစစ်‌ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက (ဦးဖြူ) အခြေခံပညာမူလတန်းကျောင်းနှင့် (မရမ်းချောင်) မူလွန်ကျောင်းတို့၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 16,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အပတ်စဉ်‌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် အခြေခံပညာမူလတန်းကျောင်း(သမလ)၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့သည်။