ကလေး ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ဘိုးဘွားရိပ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်များက ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယမန်နေ့က အဆိုပါရိပ်သာ၌ ပြုလုပ် ခဲ့ကြကြောင်းသိရသည်။ ကလေးမြို့ဘိုးဘွားရိပ်သာရှိအဘိုးအဘွားများအား ကျန်းမာရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်များက စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သော ဆေးဝါးများတိုက်ကျွေးရန် လမ်းညွှန်မှုပေးခြင်း၊ ဆေးရုံဆေးခန်းများသို့ လွှဲပြောင်းကုသရန် လိုအပ်သောအဘိုးအဘွားများကို ပို့ဆောင်ကုသနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။
ကလေးမြို့ဘိုးဘွားရိပ်သာမှ အမှုဆောင်အဖွဲ့များနှင့် အကူသူနာပြုအကူများမှ ဆရာဝန်များ၏လမ်းညွှန်ချက်နဲ့အညီ အဘိုးအဘွားများအား ကျန်းမာရေးနှင့်နေထိုင်စားသောက်ရေးတို့အတွက် စောင့်ရှောက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)