စစ်ကိုင်းမြို့ အမှတ်(၂၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် (၇၇)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

စစ်ကိုင်း ဇူလိုင် ၁၇

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်းကာ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်လေးများ ဖြစ်လာစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပ ပြုလုပ်သည်။

ဟောပြောပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောပြီး နယ်လှည့်စာကြည့်တိုက်အဖြစ် ကျောင်းသား/ကျောင်းသူများအား သုတ/ရသ စာအုပ်များကို အခမဲ့ငှားရမ်းပေးခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအလွဲသုံးမှု မဖြစ်စေရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြသည်။

ဆက်လက်၍ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းက ဇာတ်လမ်းနှင့်သရုပ်ဖော်( အဖျောက် )ရေးသားသည့် “ဇွဲမလျှော့စတမ်း” ပုံပြင်အား KG တန်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူလေးများအား ဖတ်ပြ၍ ပုံပြောပေးခဲ့ကြောင်း သိရသည်။                                                                                 

ဇော်မြင့်နိုင်