ညောင်ဦး ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ လာရောက်ခိုလုံနေသည့် ရေဘေးရှောင်ပြည်သူများအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အရေးပေါ်လိုအပ်နေသော ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရဿည်။
ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့် ဦးဆောင်သော မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်၊ ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလှမျိုးနိုင်နှင့် ဝန်ထမ်းများသည် ညောင်ဦးမြို့နယ် ပုဂံမြို့ ရွှေတွင်းရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးရှောင်နေရသည့် ရွှေမြင်တင်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ရေဘေးခိုလှုံနေသည့် ရေဘေးရှောင်ပြည်သူ (၉၂)ဦးအတွက် ရေသန့်ကဒ်ကြီး (၉၂)ကဒ်၊ အသင့်စားခေါက်ဆွဲခြောက် (၁၀)ထုပ် အထုပ်ကြီး (၉၂)ထုပ်၊ ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ အားဆေးများ၊ Hand Gel များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပြီး၊ ရေဘေးရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရေးနှင့် သွေးလွန်တုပ် ကွေးရောဂါမဖြစ်ပွားရေး ရေကိုကျိုချက်သောက်သုံးကြရန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုဖြင့် ကူးစက်ရောဂါဖြစ်ပွားခြင်း ကင်းဝေးနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ပုဂံမြို့ မြင်းကပါကျေးရွာရှိ ရေဘေးရှောင်ပြည်သူ (၅၅)ဦးတို့ကိုလည်း ရေသန့်ကဒ်ကြီး (၅၅)ကဒ်၊ အသင့်စားခေါက်ဆွဲခြောက် (၁၀)ထုပ်ပါ အထုပ်ကြီး (၅၅) ထုပ်တို့အား ဆက်လက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း