ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်ကာကွယ်ရေးဟောပြောပွဲကျင်းပ

ရွှေသောင်ယံ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကာကွယ်ရေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ဇူလိုင်လ ၁၅ ရက်နေ့မွန်းလွဲပိုင်းက အ.ထ.က(ခွဲ) ငရုတ်ကောင်းတောင်စာသင်ကျောင်း၌ ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင်  ငရုတ်ကောင်းတောင် ကျေးလက်ကျန်းမာရေးဌာနခွဲမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတို့မှ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားရသည့်အကြာင်းရင်းများ၊ ယင်နားစာများနှင့် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်စေမည့်အစားအစာများကို ရှောင်ကျဉ်ရန်  သွေးလွန် တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန်အတွက် ခြင်ပေါက်ပွားနိုင်သည့်နေရာများအား အထူးရှင်းလင်းဆောင်ရွက်ရန်တို့ကို ဟောပြောဆောင်ရွက်သည်။

အဆိုပါဟောပြောပွဲသို့ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား(၃၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)