မိုင်းယန်း ဇူလိုင် ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နေ့လည် ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက မြို့နယ်ပြည်သူ့ဆေးရုံရှိ ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများအားတွေ့ဆုံ၍ လိုအပ်တာများကိုလမ်းညွှန်မှာကြားပြီး အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေ့လည် ၁ နာရီတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့်တွေ့ဆုံပွဲကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားနှင့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ၊ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသီဟက မိုင်းယန်းခရိုင်၏ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး