မော်လမြိုင် ဇူလိုင် ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ မှုခင်းကျဆင်းရေးနှင့် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းအမှားများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူခံရမည်ဖြစ်ကြောင်း၊ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သီရိမြိုင်ရပ်ကွက်၊ သရက်ကုန်းရပ်၊ မွန်မင်းလမ်းဟိုတယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ခေတ္တမော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဦးက မှုခင်းကျဆင်းရေး အကြောင်းအရာများအားလည်းကောင်း၊ မုပွန်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းသန့်က သတင်းတု၊ သတင်းမှားများကို သိရှိနိုင်သည့်နည်းလမ်းများ၊ သတင်းတု၊ သတင်းမှားများနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များ၊ အင်တာနက်အသုံးပြုရာတွင် မဖွယ်မရာတင်ခြင်း၊ တိုက်ခိုက်ပြောဆိုခြင်း စသည့်တည်ဆဲဥပဒေများအရ တားမြစ်အရေးယူခြင်းခံရနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း၊ မုပွန်နယ်မြေရဲစခန်းအပိုင် နယ်မြေအတွင်းရှိ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရွှေဆိုင်ပိုင်ရှင်များ၊ ရပ်မိ/ရပ်ဖများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)