ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျိုက်ထို ဇူလိုင် ၁၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် အပတ်စဉ်‌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် အခြေခံပညာမူလတန်းကျောင်း(သမလ)၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမဒေါ်ယုယုချိုက ကာလဝမ်းရောဂါဖြစ်ပွားမှုအကြောင်းဖြစ်ပွားလာပါက နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးပြသရန်လတ်တလော ဝမ်းရောဂါဖြစ်ပေါ်လာပါက တစ်လီတာဆံ့ရေသန့်ဘူးတွင် ဓာတ်ဆားရည်ဖျော်သောက်ရန်၊ ဖြစ်ပွားနေသည့်လူနာနှင့် မဖြစ်မနေထိတွေ့ဆက်ဆံနေရပါက လက်ကိုသန့်ရှင်းစင်ကြယ်စွာ‌ဆေးကြောပြီး တကိုယ်ရည်သန့်ရှင်းစွာနေထိုင်ခြင်းကြောင့် ကူးစက်ရောဂါဖြစ်ပွားမှုနည်းပါးကာ ပျော်ရွှင်စွာ ပညာကိုသင်ကြားနိုင်မည်ဖြစ်ကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် သားဖွားဆရာမဒေါ်ခင်ချမ်းမြအေးက ကျောင်းသား၊ ကျောင်းသူများ၏ နား၊ မျက်စိ၊ ခံတွင်းနှင့်သွား၊ ခြေသည်းလက်သည်းများကို တစ်ဦးချင်းစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ဝင်းမောင် (ကျိုက်ထို)