သတင်းများ

သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသက်လေပြင်းတိုက်ခတ်မှုဒဏ်ခံရသည့် မိသားစုအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့ရသည့် မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
နွားထိုးကြီးမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jul 16,2024
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ လူငယ်နှင့်ကြီးပွားရေး စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း  သိရသည်။
ဂွမြို့နယ်တွင် ငါးကဏ္ဍရေလုပ်ငန်းကျေးရွာ(၃)သို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Jul 16,2024
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ငါးကဏ္ဍရေလုပ်ငန်းကျေးရွာ(၃)ရွာသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ဒုတိယအကြိမ်)  လွှဲပြောင်းပေးအပ်ပွဲ  အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Jul 16,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် လစဉ်စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီချိန်က မြန်မာပြည်သားစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ကျိန္တလီမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊  စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 16,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၇)နှစ်မြောက်အာဇာနည်နေ့(အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နေ့လယ်ပိုင်းအချိန်က အ.ထ.က ကျိန္တလီကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ် သက္ကာယ်ချောင်းကျေးရွာတွင် Drum Seeder မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးနေမှုအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှကြည့်ရှုအားပေး
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းမျိုးသန့်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးကျော်ကျော်ဝင်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ငပုတောမြို့နယ် သက္ကယ်ချောင်း ကျေးရွာ တောင်သူ ဒေါ်မြင့်စန်း ကွင်းအမှတ် ၁၃၆၆ဘီ ဦးပိုင် ၇/၄ တွင် မိုးစပါးကြဲခင်းစနစ်လျော့နည်းပပျောက်ရေးအတွက် Drum Seeder မျိုးစေ့ချကိရိယာဖြင့်( ၃ )ဧက စိုက်ပျိုးမှုအခမ်းအနားအား ကြည့်ရှုအားပေးသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်အတွင်း ရေဝင်ဧရိယာများရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ယမန်နေ့ညနေပိုင်းက ရောက်ရှိလာခဲ့ပြီး ဧရာဝတီမြစ်ရေတိုးလာမှုနှင့် တာခိုင်ခံ့မှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများမှ ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ကျေးရွာအနီး ဖြတ်တာ(၁-ဂ)နှင့် ဖြတိတာ(၁-င) တာဝိုင်းအတွင်းသို့ ရေသွင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စု၊ မကျည်းတောကျေးရွာရှိ ဓမ္မလင်္ကာရဝါးတောကျောင်းတိုက်သို့ ရောက်ရှိလာခဲ့ပြီး ရေဘေးကြိုတင်ရွှေ့ပြောင်းသည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးမြေပဲ ၃၄၁၆၉ ဧက စိုက်ပျိုးပြီးစီး
Jul 16,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးမြေပဲ ဧက ၅၁၅၈၆ လျာထားပြီး မေလက စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၃၄၁၆၉ ဧကစိုက်ပျိုး ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။