သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသက်လေပြင်းတိုက်ခတ်မှုဒဏ်ခံရသည့် မိသားစုအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်

သာပေါင်း ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့ရသည့် မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

မိုးသက်လေပြင်းတိုက်ခတ်၍ စစ်ပင်ကြီး ကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာတွင် နေထိုင်သူ ဒေါ်လှသိန်းနှင့် အတူနေ အသက်(၁၈)အထက် အမျိုးသမီး(၂)ဦး ပေါင်း(၂)ဦးတို့ နေထိုင်ရာ(ဓနိမိုး၊ဓနိကာ၊ဝါးခင်း)၊ နေအိမ်ပြိုကျပျက်စီးဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု(၁)ရှိ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၄၂၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၁၀၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံး တန်ဖိုးငွေ(၁၀၇၆၇၈)ကျပ် ပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၀၄၂၀၀)ကျပ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်းနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး‌ ဒေါ်ခိုင်ခိုင်ဝင်းတို့က လေဘေးသင့် မိသားစုလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း