မင်းလှမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

မင်းလှ ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် လစဉ်စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီချိန်က မြန်မာပြည်သားစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် မြင့်သန်း(မင်းလှ)က ရန်ကုန်ဘဆွေရေးသားသည့် မြန်မာပြည်သားစာအုပ်မှ အကြောင်းအရာတို့ကို ဆွေးနွေးပြောကြားခဲ့ရာ စာပေချစ်မြတ်နိုးသူများက အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)