သတင်းများ

ညောင်ဦးခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
Jul 16,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများလှူဒါန်း
Jul 16,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုန်းတော်ကြီးကျောင်း၌ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများကို ယမန်နေ့နံနက် (၁၀) နာရီက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဇေယျာသီရိမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ
Jul 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ နတ်တလင်းမြို့ ရွှေလင်းဘိုးဘွားရိပ်သာ၌ အဘိုး၊ အဘွားများအား အလှူငွေနှင့်ပစ္စည်းများလှူဒါန်း
Jul 16,2024
ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများမှ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့ ရွှေလင်းဘိုးဘွားရိပ်သာအတွင်းရှိ ဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက အဘိုး၊ အဘွားများအား အလှူငွေနှင့်ပစ္စည်းများလှူဒါန်းခဲ့သည်။
ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် အခြေခံပညာစာသင်ကျောင်းအချို့ ခေတ္တယာယီပိတ်ထားလျက်ရှိ
Jul 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိရာ အခြေခံပညာစာသင်ကျောင်းအချို့ ခေတ္တယာယီပိတ်ထားရကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများ ရေးသွင်း တိုက်ဆိုင် စစ်ဆေး ဆောင်ရွက်
Jul 16,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း နေထိုင်သူများ အတည်ပြုလူဦးရေ စာရင်းမှန်ကန်စေရေး အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများရေးသွင်းခြင်းကို မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၉)စက်မှုလယ်ယာစခန်းမအူပင်မှ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုး‌စေ့ချကိရိယာများဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြ
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၉)စက်မှုလယ်ယာစခန်း မအူပင်မြို့မှ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ များဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇူလိုင် ၁၄ ရက်နေ့ နံနက်(၁၀)နာရီက ညောင်ဝိုင်းကျေးရွာရှိတောင်သူ ဦးအေးမြင့်၏ မိုးစပါးစိုက်ခင်း (၃)ဧကတွင် ကျင်းပသည်။
ပျဉ်းမနားမြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပ
Jul 16,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ ဦးစီးကျင်းပသည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။