နွားထိုးကြီးမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

နွားထိုးကြီး ဇူလိုင် ၁၆

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ လူငယ်နှင့်ကြီးပွားရေး စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး (Book Club)အဖွဲ့ဝင်များက ကွန်မြူနစ်ဝါဒ၏ နိုင်ငံတကာသို့ အင်တာနေရှင်နယ်ဖြစ်အောင် ဖမ်းစားစွဲဆောင်မှုနောက်သို့ ကောက်ကောက်ပါခဲ့သော ပုဂ္ဂိုလ်အချို့တို့ကြောင့် လက်နက်ကိုင်ဆူပူမှုများ ပြည်ပဩဇာခံများ တစ်ယူသန်အစွန်းရောက် လက်ဝဲနိုင်ငံရေးသမားများသည် တိုင်းပြည်ကိုလည်း ဖျက်ဆီးသည် မိမိဘဝကိုလည်း နစ်မွန်းပျက်ကြားအောင် ပျက်စီးစေခဲ့သည် ထိုအမှားသင်ခန်းစာကို မပြင်ဘဲ အနောက်ကတိုက်ခတ်လာသောလေသည် အေးသည် မွှေးသည်ချိုသည်ဟု တရားသေလက်ခံအထင်ကြီးနေသူအချို့ယခုကာလ၌ တစ်စတစ်စတွေ့မြင် လာရပါသည်ဟု  စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ လူငယ်နှင့်ကြီးပွားရေးစာအုပ် ပါအကြောင်းအရာများမှ  နားလည်မှတ်သားထားရှိမှုများကိုနွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်