ဂွမြို့နယ်တွင် ငါးကဏ္ဍရေလုပ်ငန်းကျေးရွာ(၃)သို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ဂွ  ဇူလိုင် ၁၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ငါးကဏ္ဍရေလုပ်ငန်းကျေးရွာ(၃)ရွာသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ဒုတိယအကြိမ်)  လွှဲပြောင်းပေးအပ်ပွဲ  အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်စီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒုတိယအကြိမ် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ငါးကဏ္ဍရေလုပ်ငန်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ဒုတိယအကြိမ်)ဖြင့် ဆောင်ရွက်မည့် ကျောက်ချွန်ကျေးရွာ၊ ကင်းရုံးရပ်ကွက်နှင့် ကျိန္တလီအမှတ်(၂)ရပ်ကွက်တို့ရှိ  စီမံကိန်း ကြီးကြပ်မှုကော်မတီများသို့ တစ်ရွာလျှင် သိန်း (၆၀၀) ကျပ်စီအား မြို့နယ်အဆင့်စီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မတည်ရန်ပုံငွေများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်