သတင်းများ

ပန်းတနော်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အ.ထ.က(ခွဲ)ဒေါဝါးကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီက  အ.ထ.က (ခွဲ)ဒေါဝါးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆီထွက်သီးနှံဖြစ်သည့် မိုးမြေပဲစိုက်ဧက ၁၉၁၅ ဧက စိုက်ပျိုးရန် သတ်မှတ်လျာထားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ဧက ၅၀၀ စိုက်ပျိုးသွားမည်
Jul 17,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၌ မိုးမြေပဲစိုက်ဧက  ၁၉၁၅ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျားထားပြီး  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ဧက ၅၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် မိုင်းခတ်မြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
Jul 17,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ယမန်နေ့ ညနေ(၃)နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် လေဘေးသင့်မိသားစုအား ကယ်ဆယ်ရေးပစ္စည်း၊ ဆန်၊ ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေးအပ်
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်၊ ပြိုကျပျက်စီးသွားသည့် မိသားစုများအား တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း ဆန်၊ ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကလေးမြို့ဘိုးဘွားရိပ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ခြင်းများဆောင်ရွက်
Jul 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ဘိုးဘွားရိပ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်များက ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယမန်နေ့က အဆိုပါရိပ်သာ၌ ပြုလုပ် ခဲ့ကြကြောင်းသိရသည်။ ကလေးမြို့ဘိုးဘွားရိပ်သာရှိအဘိုးအဘွားများအား ကျန်းမာရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်များက စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သော ဆေးဝါးများတိုက်ကျွေးရန် လမ်းညွှန်မှုပေးခြင်း၊ ဆေးရုံဆေးခန်းများသို့ လွှဲပြောင်းကုသရန် လိုအပ်သောအဘိုးအဘွားများကို ပို့ဆောင်ကုသနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။
ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ရေဘေးရှောင်စခန်းများသို့ သောက်ရေသန့်နှင့်အသင့်စားခေါက်ဆွဲခြောက်ထုပ်များလှူဒါန်း
Jul 17,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ လာရောက်ခိုလုံနေသည့် ရေဘေး ရှောင်ပြည်သူများအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အရေးပေါ်လိုအပ်နေသော ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရဿည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 17,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နေ့လည် ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းမြို့ အမှတ်(၂၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် (၇၇)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
Jul 17,2024
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်းကာ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်လေးများ ဖြစ်လာစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပ ပြုလုပ်သည်။