မော်လမြိုင်ကျွန်းမြို့နယ်တွင် လေဘေးသင့်မိသားစုအား ကယ်ဆယ်ရေးပစ္စည်း၊ ဆန်၊ ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေးအပ်

မော်လမြိုင်ကျွန်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်၊ ပြိုကျပျက်စီးသွားသည့် မိသားစုများအား တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း ဆန်၊ ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၂)ရပ်ကွက်၊ သဇင်လမ်း၊ အိမ်အမှတ်(၁၈)၌(၁၄-၇-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံး(၁)ပုံး၊ တန်ဖိုးငွေကျပ် (၁၀၇၆၇၈)၊ ဆန်ရိက္ခာ(၇)ရက်စာကျပ်(၈၄၀၀)နှင့် အိမ်ဆောက်ပစ္စည်းအတွက် ကျပ်(၁၀၀၀၀၀) စုစုပေါင်း ထောက်ပံ့ရန်ပုံငွေကျပ်(၁၀၈၄၀၀)တိတိကို လေပြင်းတိုက်ခိုက်၍ နေအိမ်ပြိုကျပျက်စီးနှင့် အမိုးလန်မှုဖြစ်ပွားခဲ့သည့် မိသားစုများအား ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော် အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းလွင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ ရပ်/ကျေးစာရေးတို့နှင့်အတူ  လေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြာင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)