ကံမမြို့နယ်မှ ရေဘေးသင့်အိမ်ထောင်စုများအား စားသုံးဆီများ ထောက်ပံ့ပေးအပ်
Jul 17,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကံမမြို့နယ်မှ ရေဘေးသင့်အိမ်ထောင်စုများအတွက် သရက်တပ်နယ်၊ တပ်နယ်မှူးက ပေးပို့လှူဒါန်းသည့် စားသုံးဆီများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၅) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။