မက်မန်း ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အောင်သံလွင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ပြသခဲ့သည်။
အဆိုပါနံရံကပ်စာစောင်တွင် အာဇာနည်ခေါင်းဆောင် (၉) ဦး၏ အတ္ထုပ္ပတ္တိများအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေးကြိုးပမ်းမှုအကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦး၏ မှတ်တမ်းဓာတ်ပုံများ၊ ကဗျာများ၊ ကာတွန်းများ၊ ဆောင်းပါးများကို ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)