သတင်းများ

ပြင်ဦးလွင်မြို့ အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 17,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေး ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်နှင့် အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် ရေကြီးမှုဖြစ်စဉ်သည် ၂၀၁၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး မြစ်ရေလွှမ်းမိုးမှုဖြစ်
Jul 17,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုလ ၁၂ ရက်နေ့မှစတင်ပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေနိမ့်ပိုင်းဒေသများ၌ မြစ်ရေများဝင်ရောက်လျက်ရှိပြီး ယခုနှစ် ရေကြီးမှုဖြစ်စဉ်သည် ၂၀၁၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဖြစ်ကြောင်း မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
အောင်လံမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ
Jul 17,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီက ကြီးမှူး၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် ညောင်တုန်းမြို့ မြစ်ကမ်းအ‌ခြေအနေများအား ကြည့်ရှုစစ်ဆေး
Jul 17,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အဖွဲ့သည် ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ (၁၇)လမ်းမြစ်ကမ်းသို့ရောက်ရှိလာပြီး မြစ်ကမ်းပါးအခြေအနေနှင့် မြစ်ရေချိန်အမှတ်တိုင်းထွာသည့် ရေမှတ်တိုင်အားကြည့်ရှုစစ်ဆေးရာ မြို့နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာ၊ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးမြင့်အုန်းက မြစ်ကမ်းပါးဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးမှလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
မင်းလှမြို့နယ်တွင် မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့‌နေထိုင်သည့် အိမ်‌ထောင်စု များအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆန်ရိက္ခာဖိုး‌‌ငွေ ထောက်ပံ့ပေး
Jul 17,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်‌ထောင်စုဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း ၊ဆန်ရိက္ခာဖိုးငွေ‌‌ထောက်ပံ့‌ပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အောင်လံမြို့၌ ရေဘေးသင့်ပြည်သူများအား ဆန်၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးများ ထောက်ပံ့လှူဒါန်း
Jul 17,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဇူလိုင်(၁၂)ရက်နေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွာထောင်ရပ်ကွက်ရှိ ရေဘေးရှောင်စခန်းများဖြစ်သော ဆာပါအောင်တော်မူဘုရား၊ ဆုတောင်းပြည့်ဘုရား၊ မြသိန်းတန်ဘုရားဝန်းနှင့် ဗောဓိဘုရားဝန်းတို့မှ ရေဘေးသင့်ပြည်သူများအား ဆန်၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးများကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အောင်လံမြို့ရှိ ရေဘေးရှောင်စခန်းအသီးသီး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်း ကျင်းပ
Jul 17,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အောင်လံမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် သုံးရေခက်ခဲသည့် ယာယီရေဘေးရှောင်စခန်းများအား သုံးရေလှူဒါန်း
Jul 17,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုနှင့်အညီ ရေဘေးရှောင်စခန်းအချို့၌ သုံးရေအခက်အခဲရှိမှုကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဇူလိုင် ၁၆ ရက်က အောင်လံမြို့နယ်ရှိ ယာယီရေဘေးရှောင်စခန်းများဖြစ်သော လယ်ပြင်ဘုန်းကြီးကျောင်းဝန်း၊ ကုသိနာရုံဇာတ်ရုံနှင့် စောင်းတန်းများရှိ ရေဘေးရှောင်ပြည်သူများသုံးရေအတွက် မြို့နယ်မီးသတ်မှ မီးသတ်ယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးသတ်ယာဉ်(၂)စီးဖြင့် သုံးရေအခက်အခဲရှိသည့် ရေဘေးရှောင်စခန်းအချို့အား ရေဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။