မောက်မယ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းအစည်းအဝေး ကျင်းပ

မောက်မယ် ဇူလိုင် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စျေးတန်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ  ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ စျေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝိုဆိုင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းအစည်းအဝေးကို ယခုကဲ့သို့ စည်ကားသိုက်မြိုက်စွာ တက်ရောက်လာသည့်အတွက် အလွန်ပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယနေ့ ကျောင်းသား/ကျောင်းသူများသည် နောင်တစ်ချိန်တွင် အမိနိုင်ငံတော်၏ တာဝန်ကို ပခုံးပြောင်းယူကြရမည့်သူများဖြစ်သည့်အတွက် ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူများ ဖြစ်လာစေရေး ပညာကိုပိုမိုကြိုးစားကြရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် ဦးလှဝင်းက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်းကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်း၏လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝိုဆိုင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)