ရန်ကင်းမြို့နယ်၌ (၇၇)နှစ်မြောက် အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

ရန်ကင်း ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်း၊ ပန်းချီပြိုင်ပွဲများကို ဇူလိုင် ၁၅ ရက်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်းသီရိရတနာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကင်းမြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်က အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက်(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများဖြစ်သည့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့ကို ကျင်းပရာ ပြိုင်ပွဲများသို့ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၄၃)ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၆)ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၇)ဦး စုစုပေါင်း(၁၀၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်တွင် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)