အုတ်ဖို ဇူလိုင် ၁၇
အနာဂတ်လူငယ်လူရွယ်များ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာ စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျင်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က လူငယ်စကားဝိုင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာလူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် Grade -9 မှ မောင်စစ်မြတ်နိုး၊ Grade-12 မှ မနန်းခြူး၊ Grade-မှ10 မောင်ရဲသွေးထက်နှင့် Grade-12 မှ မနော်အေးသန့်သန့်ချေတို့က အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်သူ