မင်းလှမြို့နယ်တွင် မြစ်မခရေမြှင့်တတ်မှုကြောင့် ရေဝင်ရောက်သည့်နေရာများအား တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေး

မင်းလှ ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြစ်မခရေမြှင့်တတ်မှုကြောင့် ရေဝင်ရောက်သည့်နေရာများအား ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက သဲကောအုပ်စု၊ တောင်ပို့ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရေဘေးရှောင်ဒေသခံပြည်သူများအား အားပေးစကားများပြောကြားပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ရေဝင်ရောက်သည့်နေရာများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး တာတမံများမကျိုးပေါက်စေရေး၊ ရေဘေးသင့်ပြည်သူများအား ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်‌မှုပေးနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာခွဲ (၁၃)ရွာ၌ အိမ်ခြေ (၂၆၇၃)အိမ်တွင် ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ပေါက်စ (မင်းလှ)