သတင်းများ

ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာရှိ ရွှေကူဘုရားကြီး၏ (၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
Jul 21,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ၌ တည်ထားကိုးကွယ်လျက်ရှိသည့် ရွှေကူဘုရားကြီး၏ (၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဘုရားကြီးပရိဝုဏ်တွင် ကျင်းပခဲ့သည်။
ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) သီလခံယူပွဲများ၊ နေ့အထူးတရားပွဲ၊ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား
Jul 21,2024
ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသဓာတုရွှေဆံတော်စေတော်မြတ်ကြီးတွင် ၁၃၈၆-ခုနှစ်၊ ရွှေဆံတော်စေတီ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော နေ့အထူးတရားပွဲ ဓမ္မသဘင်ပွဲနှင့် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) သီလပေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ဝါတွင်းကာလဥပုသ်သီလ ဆောက်တည်ခြင်း သင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 21,2024
သာသနာတော်နှစ် ၂၅၆၈ ခုနှစ်၊ မြန်မာသက္ကရာဇ်၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)တွင် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ၀ါတွင်းကာလအတွင်းအပတ်စဥ် ဥပုသ်နေ့တိုင်း သာသနာ့ဗိမာန်တော်ကြီးတွင် ကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာ တော်များ ကိုအလှည့်ကျပင့်ဖိတ်ကာ ဥပုသ်သီလနှင့်ပရိတ်ဒေသနာတော်များရွတ်ဖတ်ပေးခြင်းတို့ကို နှစ်စဥ်အစဥ်အလာမပျက်ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများသည် တက်ရောက်၍ ဥပုသ်သီလခံယူဆောက်တည်ခဲ့ကြပြီးသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဒေးဒရဲမြို့ရှိ ဆုတောင်းပြည့်စုံကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့် (ဓမ္မစင်္ကြာ) အခါတော်နေ့တွင် ဘုရားဖူးလာရောက်သူများ၊ အလှူဒါနပြုလုပ်သူမျာဖြင့် စည်ကားလျက်ရှိ
Jul 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးနှင့် အဘယလာဘမုနိ အောင်တော်မူရုပ်ပွားတော်မြတ်ကြီးတွင်  ယနေ့ ညနေပိုင်း ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့၌  ဘုရားဖူးလာရောက်သူများ၊ ဓမ္မစကြာတရားတော်များ ရွတ်ပွားပူဇော်သူများ၊ အလှူဒါနပြုလုပ်သူများဖြင့်  စည်ကားလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ် ရန်ပြေမာန်ပြေအောင်စကြာစေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားသိုက်မြိုက်
Jul 21,2024
ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့် ဓမ္မစကြာနေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျက်သရေဆောင် ရန်ပြေမာန်ပြေ အောင်စကြာသမိုင်းဝင်စေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားသိုက်မြိုက်ခဲ့သည်။
ဖျာပုံမြို့၌ ဝါဆိုလပြည့် (ဓမ္မစင်္ကြာ) အခါတော်နေ့တွင် ဘုရားဖူးလာရောက်သူများ၊ အလှူဒါနပြုလုပ်သူများ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိ
Jul 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားများတွင် ဇူလိုင်လ (၂၀) ရက်နေ့ ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့၌ ဥပုသ်သီလ ဆောက်တည်သူများ၊ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းပြုလုပ်သူများ၊ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လွိုင်ကော်မြို့၌ ၂၀၂၄ ခုနှစ်၊ ကယားပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Jul 21,2024
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။