Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရေးပေါ်လူနာတင်ယာဥ်လုပ်ငန်းများ စတင်မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ
Jul 21,2024
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းကျင်းပသော အရေးပေါ်လူနာတင်ယာဥ်လုပ်ငန်း မိတ်ဆက်ခြင်းအခမ်းအနားကို ဇူလိုင်လ(၁၈)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ပြည်ရွှေဆံစေတီတော်မြတ်ကြီး၌ ကုသိုလ်ကောင်းမှု ပြုကြသူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်းကား
Jul 21,2024
ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဝါဆိုပန်းကပ်လှူသူကြများ၊ ကုသိုလ်ကောင်းမှု ပြုကြသူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်တာမိုင် ၁၅/၀ ပန်းတာရေထုတ်တံခါး ရေယိုစိမ့်မှု မရှိစေရန်နှင့် ရေတံခါးခိုင်ခန့်မှုရှိစေရန် စုပေါင်းဆောင်ရွက်
Jul 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကနောင်မြို့အိုးဘိုကျေးရွာအုပ်စု မြန်အောင်တာမိုင် ၁၅/၀ ပန်းတာ ရေထုတ်တံခါး ရေယိုစိမ့်မှု မရှိစေရန်နှင့် ရေတံခါး ခိုင်ခန့်စေရန် ဇူလိုင် ၁၈ ရက်နေ့က ကနောင်မြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ တပ်ကုန်းမြို့နယ်အတွင်း မြို့နှင့်အလှမ်းဝေးသည့် စိန်ပန်းပင်ကျေးရွာဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
Jul 21,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ဇော်ဇော်မျိုး၊ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် အိုင့်ကျယ်ကျေးရွာအုပ်စု၊ စိန်ပန်းပင်ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်များက ထမင်းထုပ်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်း
Jul 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်များက သွားရောက်ပြီး ထမင်းထုပ်၊ စားသောက်ဖွယ်ရာများကို ယနေ့ နက်ပိုင်းက လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးနှင့် အရံစေတီများ ရွှေထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်များ တင်လှူပူဇော်ပွဲ ကျင်းပသွားမည်
Jul 21,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ်(၁) ရပ်ကွက်ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးနှင့် အရံစေတီ(၈) ဆူတို့အား ၂၀၂၄ ခု ဩဂုတ်လဆန်းပိုင်းတွင် ရွှေထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်များ တင်လှူပူဇော်သွားမှာဖြစ်ကြောင်း ရှင်ပင်စက္ကိန်းတဲ ဘဏ္ဍာ ထိန်းဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တာတမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးပြီး ယာယီရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Jul 21,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဇလွန်မြို့ကျုံရှကျေးရွာအုပ်စုတွင် ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် တာတမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ ဆန်တန်းရပ်ကွက် ဖန်ခါးပင်ဘုန်းတော်ကြီးကျောင်းတွင် ယာယီရေဘေးသင့် ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၌ ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကား
Jul 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7796
Page
7797
Page
7798
Page
7799
Current page
7800
Page
7801
Page
7802
Page
7803
Page
7804
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department