ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ဝါတွင်းကာလဥပုသ်သီလ ဆောက်တည်ခြင်း သင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပုသိမ် ဇူလိုင် ၂၁

သာသနာတော်နှစ် ၂၅၆၈ ခုနှစ်၊ မြန်မာသက္ကရာဇ်၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)တွင် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ၀ါတွင်းကာလအတွင်းအပတ်စဥ် ဥပုသ်နေ့တိုင်း သာသနာ့ဗိမာန်တော်ကြီးတွင် ကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာ တော်များ ကိုအလှည့်ကျပင့်ဖိတ်ကာ ဥပုသ်သီလနှင့်ပရိတ်ဒေသနာတော်များရွတ်ဖတ်ပေးခြင်းတို့ကို နှစ်စဥ်အစဥ်အလာမပျက်ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများသည် တက်ရောက်၍ ဥပုသ်သီလခံယူဆောက်တည်ခဲ့ကြပြီးသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဦးစွာ ဧည့်ပရိသတ်များက အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါ စရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက)မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက် နာယူကြည်ညိုကြသည်။

ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။ ယင်းနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

လှမင်းထွဋ်(ပြန်/ဆက်)