ဒေးဒရဲမြို့ရှိ ဆုတောင်းပြည့်စုံကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့် (ဓမ္မစင်္ကြာ) အခါတော်နေ့တွင် ဘုရားဖူးလာရောက်သူများ၊ အလှူဒါနပြုလုပ်သူမျာဖြင့် စည်ကားလျက်ရှိ

ဒေးဒရဲ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးနှင့် အဘယလာဘမုနိ အောင်တော်မူရုပ်ပွားတော်မြတ်ကြီးတွင်  ယနေ့ ညနေပိုင်း ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့၌  ဘုရားဖူးလာရောက်သူများ၊ ဓမ္မစကြာတရားတော်များ ရွတ်ပွားပူဇော်သူများ၊ အလှူဒါနပြုလုပ်သူများဖြင့်  စည်ကားလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့)၌ မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရှစ်ပါးသီလ ခံယူဆောက်တည်ကာ ဝါဆိုလပြည့်နေ့မှ ဝါတွင်းကာလပတ်လုံး ဗုဒ္ဓဘာသာဝင်များအနေဖြင့်  ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူဒါန ပြုလုပ်ခြင်း၊ တရားဘာဝနာအားထုတ်ခြင်းစသည့် ကောင်းမှုကုသိုလ်များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း