ပွင့်ဖြူ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ၌ တည်ထားကိုးကွယ်လျက်ရှိသည့် ရွှေကူဘုရားကြီး၏ (၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဘုရားကြီးပရိဝုဏ်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗုဒ္ဓပူဇနိယပွဲဝောာ်အထိမ်းအမှတ် ပင့်သံဃာတော်အရှင်သူမြတ်များက ဘုရာကြီးအား ဦးခိုက်ဖူးမြော်ကြည်ညိုကာ ဘုရားအနေကဇာ တင်လှူပူဇော်၍ အန္တရာယ်ကင်း ပရိတ်ပဌာန်းကျမ်းမြတ်များကို ရွတ်ပွားသရဇ္ဈာယ်ဝောာ် မူခဲ့ကြသည်။ ထို့နောက် စေတနာအလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများက ရွှေကူဘုရားကြီးအား ဆွမ်းသပိတ်လုံးများ ဆက်ကပ်လှူဒါန်းကြပြီး သံဃာဝောာ်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာဝောာ်၊ သံဃာတော်များကို ဝါဆိုသင်္ကန်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာရှိ ရွှေကူဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ဝါဆိုလဆန်း (၁၄)ရက်နေ့မှ ဝါဆိုလပြည့်(၁၅)ရက်နေ့ထိ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရကာ ယခုနှစ်တွင် (၈)ကြိမ်မြောက် ကျင်းပဆင်နွှဲခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )