ငါးသိုင်းချောင်းမြို့ ငဝန်တာတွင် ကြွက်တွင်း၊ ခြတွင်းများကြောင့်  တာရေယိုစိမ့်မှုဖြစ်ပွား

ငါးသိုင်းချောင်း ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ယနေ့နံနက်(၆)အချိန်က ငဝန်တာမိုင် ၄၆/၅ဖာလုံ၊ ၄၆/၅+၂၅၀ဖာလုံနှင့် ၄၆/၅+၃၀၀ဖာလုံတို့တွင် ကြွက်တွင်း၊ ခြတွင်းများကြောင့် မြေနူးကာ ရေပေါက်ဖြစ်၍ တာရေယိုစိမ့်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ရေယိုစိမ့်မှုအား မြို့ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နေပြည်သူများ ပူပေါင်းကာ ၎င်းနေရာအား ဝါး၊ သဲ၊ ကျောက်၊ ထံရံများဖြင့် ပိတ်စို့ကာ ပြုလုပ်ခဲ့ကြပြီး ထပ်မံမဖြစ်ပွားစေရန်အတွက်လည်း အခြားနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ ထိုဖြစ်ပွားသော ယိုစိမ့်မှုသည်လည်း စိုးရိမ်စရာမရှိကြောင်းကို  မြို့နေပြည်သူများအား  တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း ( ပြန်/ဆက် )