ကျိုက်ထို ဇူလိုင် ၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့နံနက် ၁ နာရီချိန်မှစတင်ပြီး လေပြင်းများတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သိမ်ဇရပ်မြို့၊ အမှတ်(၄)ရပ်ကွက်ကြီး၊ နဝရတ်ရပ်ကွက်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမဟောင်း၊ မီးရထား လမ်းမိုင်တိုင်အမှတ်(၇၈/၄)နှင့် (၇၈/၅) အကြားတွင် ကမ်းပါးယံများရေနူးကာ ရထားလမ်းပေါ်မြေပြိုကျပြီး မီးရထားသံလမ်းအရှည်(၄၀)ပေခန့်၊ အမြင့်(၅)ပေခန့်ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။
အဆိုပါရထားလမ်းပေါ် မြေပြိုကျမှုကြောင့် ရထားများရပ်တန့်စောင့်ဆိုင်းရခြင်းမရှိကြောင်းနှင့် ၎င်းပြိုကျနေသည့်မြေများအား သိမ်ဇရပ်နယ်မြေရဲစခန်းမှ ရဲအုပ်လင်းလင်းထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ မီးရထားဝန်ထမ်းများနှင့်ပူးပေါင်းအဖွဲ့မှ မီးရထားသံလမ်းတွင် ပိတ်ဆို့နေသော မြေများအား အမြန်ဖယ်ရှားရှင်းလင်းပြီး၍ ရထားလမ်းပိုင်းပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်