သတင်းများ

မူဆယ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စုဖွဲ့ထားရှိမှုနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Jul 26,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ ခရိုင်မီးသတ်တပ်ဖွဲ့ရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စုဖွဲ့ထားရှိမှုနှင့် ငလျင်ဇတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက် (၉) နာရီက ပြုလုပ်သည်။
တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
Jul 26,2024
ပြည်ထဲရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ ရုံးလုပ်ငန်းမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်၌ စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်ပိုင်းက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “ အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ရေကြည်မြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများ အားထောက်ပံ့ငွေများ ပေးအပ်
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင် ငဝန်မြစ်ရေမြင့်တက်မှု့ကြောင့် နှောကုန်းဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်သည့်အိမ်ထောင်စုများသို့ ယမန်နေ့ နေ့လည် ၁၂ နာရီ ၃၀ မီးနစ်အချိန်တွင် ထောက်ပံ့ငွေ များပေးအပ်ခဲ့ကြောင်းသိရသည်။
သာပေါင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ယာယီပြောင်းရွှေ့ရေဘေးရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်က်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ယာယီပြောင်းရွှေ့ရေဘေးရှောင်ဘုရားနီ‌ ကျေးရွာအုပ်စုရှိ ပြည်သူများအား ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဆန်၊ဆီ၊ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
သာပေါင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ယာယီပြောင်းရွှေ့ရေဘေးရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်က်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ယာယီပြောင်းရွှေ့ရေဘေးရှောင်ဘုရားနီ‌ ကျေးရွာအုပ်စုရှိ ပြည်သူများအား ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဆန်၊ဆီ၊ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေကြီး၍ ကားလမ်းမပေါ်တွင် တင်ကျန်သည့် အမှိုက်သရိုက်များနှင့် ရွံ့နွံများအား ရှင်းလင်း
Jul 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေကြီး၍ ကားလမ်းမပေါ်တွင် တင်ကျန်နေသည့် အမှိုက်သရိုက်များနှင့်ရွံ့နွံများကို ဇူလိုင် ၂၄ ရက်နေ့နံနက် ၈ နာရီချိန်တွင် စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် ထန်းသုံးပင်ကျေးရွာ စနစ်ကျလယ်ယာမြေဧက(၁၀၀)တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပ
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၃)စက်မှုလယ်ယာစခန်းမှ ၂၀၂၄-၂၀၂၅ ခုနှစ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ထန်းသုံးပင်ကျေးရွာအုပ်စုစနစ်ကျ ဧက(၁၀၀)ကွင်းရှိ ကွင်းအမှတ်(၂၄၉)တောင်သူ ဦးစိုး၊ ဦးအောင်မင်း၊ ဦးတင်ဦးတို့၏လယ်မြေ(၆)ဧကတွင် ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။