ကျွန်းစုမြို့တွင် စနစ်တကျ အမှိုက်စွန့်ပစ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကျွန်းစု ဇူလိုင် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှိုက်များ စနစ်တကျစွန့်ပစ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်ရုံးနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးကျော်ဌေးက မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ကုန်တင်ကုန်ချအဖွဲ့နှင့် စျေးဆိုင်များအား မြို့သန့်ရှင်းသာယာလှပရေး အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေးနှင့် စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းသည် မြို့သန့်ရှင်းသာယာလှပရေးနှင့် လူထုကျန်းမာရေးကို အထောက်အကူပြုကြောင်း စသည်တို့ကို အသိပညာပေး ပြောကြားခဲ့သည်။

ထိုနောက် စနစ်တကျအမှိုက်စွန့်ပစ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင် အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုမရှိစေရေး သတိပေးဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)