သတင်းများ

မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာနှစ်၌ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့်  တည်ဆောက်ရေးလုပ်ငန်းများလျာထားနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများနှင့်တွေ့ဆုံဆွေးနွေး
Aug 03,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး၊ ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ လျာထားနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆိုင်ရာဌာနဆိုင်ရာများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်တွင် ဌာနဆိုင်ရာများ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Aug 03,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၏  စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို   ယနေ့ နံနက်(၉)နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ  ပတ္တမြားအစည်းအဝေး ခန်းမဆောင်တွင်  ကျင်းပခဲ့သည်။
ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ချောင်းရေဝင်ရောက်၍ ရေကြီးနစ်မြုပ်နေသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်ထောက်ပံ့
Aug 03,2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းက အဝေးရောက် ကျောက်ကြီးမြို့သူ/မြို့သားများ၏ ပေးပို့ကူညီသည့် အလှူငွေများအား မြို့နယ်ကြက်ခြေနီအသင်းခွဲ၏စီမံမှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပဲခူးရပ်ကွက်ချောင်းကမ်းဘေး အနိမ့်ပိုင်းနေထိုင်သူအိမ်ထောင်စုများအား အခြေခံစားသောက်ကုန် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရက်သတ္တပတ်အကြို ကျန်းမာရေးလှုပ်ရှားဆောင်ရွက်မှု မူလတန်းအဆင့် အစာအုပ်စု(၃)မျိုး ဆေးရောင်ချယ်ပြိုင်ပွဲ ကျင်းပ
Aug 03,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ပေါင်းနားရပ်ကွက် တောင်သီတပ် အခြေခံပညာမူလတန်းကျောင်း၌ ရက်သတ္တပတ်အကြို ကျန်းမာရေးလှုပ်ရှားဆောင်ရွက်မှု မူလတန်းအဆင့် အစာအုပ်စု (၃)မျိုး ဆေးရောင်ချယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၉) နာရီ ၃၀အချိန်က အဆိုပါ ကျောင်းရှိစာသင်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်မြို့၊ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
Aug 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသ စာအုပ်စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းများသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Aug 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းမှ တောင်သူများအတွက် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ဆက်လက်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက်တွင် ကျောက်တန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ တိုင်းရင်းသားစာပေသင်ကြားရေး အထောက်အကူပြုနှင့် သင်ကြားရေး ဆရာ၊ဆရာမများအား သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်ဆီများ ရောင်းချပေး
Aug 03,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက်အကူပြု Teaching Assistance (TA)နှင့် တိုင်းရင်းသားစာပေသင် Language Teacher(LT) ဆရာ၊ဆရာမများ သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်ဆီများကို ယမန်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနရုံး၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ်အသက် (၁၈) နှစ်အောက်နှင့် အသက် (၂၀) နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပ
Aug 03,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက် (၁၈) နှစ် အောက်နှင့် အသက် (၂၀) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များနှင့် အားကစားသမား တက်ရောက်ခဲ့ကြသည်။